[{"content":"A Hundred Scenes of Awajima\nဒီကားကတော့ မထွက်ခင် AniOne Asia ကနေတင်လိုက်တဲ့ ပိုစတာကြည့်မိပြီး စိတ်ဝင်စားလို့ trailer သွားကြည့်ဖြစ်ရင်းကြိုက်မိသွားရာကနေ၊ staff တွေအကြောင်းအနည်းငယ်ရှာကြည့်ပြီး ဒီရာသီမှာကြည့်ဖြစ်အောင်ကြည့်မယ်ဆိုပြီး ကြည့်ဖြစ်သွားတာပါ။ ရှေ့ရာသီမှာပြီးခဲ့တဲ့ Journal with Witch ရဲ့နေရာယူမယ့် ဒရာမာကားတစ်ခုပါ။\nဇာတ်လမ်းကတော့ Awajima ဆိုတဲ့ ပြဇာတ်သင်တန်းကျောင်းက ကျောင်းသားတွေအကြောင်းပေါ့။ Trailer ကိုပဲကြည့်ပြီး ဇာတ်လမ်းအကျဥ်းချုပ်ကို မဖတ်ခဲ့တော့၊ အစက Kageki Shojo လိုမျိုး ဇာတ်လိုက်မင်းသမီးတစ်ယောက်နဲ့ ပြဇာတ်အကြောင်းတွေ ကြည့်ရမယ်ဆိုပြီးထင်ခဲ့တာ။ အပိုင်းတစ်ကြည့်ပြီးမှ ဇာတ်ကားနာမည်အတိုင်း Awajima ကျောင်းမှာ တက်ခဲ့တဲ့အရင်ကကျောင်းသားတွေကော လက်ရှိတက်နေတဲ့ကျောင်းသားတွေရဲ့ ဘဝတွေအကြောင်းကော စုပြထားတဲ့ကားမျိုးပါ။\nဇာတ်လမ်းက ဇာတ်လိုက်မင်းသမီးတစ်ဦးကိုပဲ အထိကမထားပဲ မတူညီတဲ့နောက်ခံကနေလာတဲ့ ကျောင်းသား၊ ဆရာမတွေရဲ့ ကျောင်းမရောက်ခင်အတိတ်ဘဝ၊ ကျောင်းသားဘဝ၊ ဇာတ်စင်ပေါ်ကဘဝတွေအပြင် တစ်ချို့ကျကျောင်းနဲ့လုံးဝမဆိုင်တဲ့ ပြဇာတ်ပရိတ်သတ်တွေ့ရဲ့ဘဝတွေပါတွေ့ရတော့ တစ်ချို့အပိုင်းတွေကျ ဝမ်းနည်းစရာကောင်းသလိုလို၊ တစ်ချို့အပိုင်းတွေကျ ချစ်စရာကောင်းသလို ခံစားချက်မျိုးစုံကိုပေးပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အမျိုးမျိုးသော မတူညီတဲ့ခက်ခဲမှုတွေကို ဘယ်လိုကြုံတွေ့ ဘယ်လိုဖြတ်ကျော်ခဲ့ရတာတွေကို နောက်ခံတေးသီချင်းညိမ့်ညိမ့်လေးနဲ့ ရေဆေးပန်းချီဆန်ဆန်ပုံတွေနဲ့ပါ animated လုပ်ထားတာတွေက ဇာတ်လမ်းထဲကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်။ နောက်ပြီး ကိုယ်တွေအတွက်တော့ ဒီနေ့ထွက်ခဲ့တဲ့ အခန်း ၅ ကတော့ကွက်တိထိမိတယ်၊ မြန်မာကလူအများစုနဲ့လည်း ဒီအခန်းကလိုမျိုး တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြုံဖူးကျမယ်ထင်တယ်။\nProduction ကောင်းကောင်းနဲ့ ဒရာမာဇာတ်လမ်းတစ်ခု ရှာနေတယ်ဆိုရင် ဒီကားကိုကြည့်ကြည့်ပါ။ AniOne Asia YouTube Channel မှာ ကြည့်လို့ရပါတယ်။ စကားချပ် လက်ရှိမှာတော့ listing လုပ်တဲ့ဆိုက်တွေမှာ rating နည်းနေသေးတာကတော့ ဝမ်းနည်းစရာတစ်ခုပါ။\n","permalink":"https://wadam_t.codeberg.page/mytree-blog/anime/a-hundred-scenes-of-awajima/","summary":"\u003cp\u003e\u003cstrong\u003eA Hundred Scenes of Awajima\u003c/strong\u003e\u003c/p\u003e\n\u003cp\u003eဒီကားကတော့ မထွက်ခင် \u003cstrong\u003eAniOne Asia\u003c/strong\u003e ကနေတင်လိုက်တဲ့ ပိုစတာကြည့်မိပြီး စိတ်ဝင်စားလို့ trailer သွားကြည့်ဖြစ်ရင်းကြိုက်မိသွားရာကနေ၊ staff တွေအကြောင်းအနည်းငယ်ရှာကြည့်ပြီး ဒီရာသီမှာကြည့်ဖြစ်အောင်ကြည့်မယ်ဆိုပြီး ကြည့်ဖြစ်သွားတာပါ။ ရှေ့ရာသီမှာပြီးခဲ့တဲ့ \u003cstrong\u003eJournal with Witch\u003c/strong\u003e ရဲ့နေရာယူမယ့် ဒရာမာကားတစ်ခုပါ။\u003c/p\u003e\n\u003cp\u003eဇာတ်လမ်းကတော့ \u003cstrong\u003eAwajima\u003c/strong\u003e ဆိုတဲ့ ပြဇာတ်သင်တန်းကျောင်းက ကျောင်းသားတွေအကြောင်းပေါ့။ Trailer ကိုပဲကြည့်ပြီး ဇာတ်လမ်းအကျဥ်းချုပ်ကို မဖတ်ခဲ့တော့၊ အစက \u003ca href=\"https://anilist.co/anime/125446/Kageki-Shojo\"\u003e\u003cem\u003e\u003cstrong\u003eKageki Shojo\u003c/strong\u003e\u003c/em\u003e\u003c/a\u003e လိုမျိုး ဇာတ်လိုက်မင်းသမီးတစ်ယောက်နဲ့ ပြဇာတ်အကြောင်းတွေ ကြည့်ရမယ်ဆိုပြီးထင်ခဲ့တာ။ အပိုင်းတစ်ကြည့်ပြီးမှ ဇာတ်ကားနာမည်အတိုင်း \u003cstrong\u003eAwajima\u003c/strong\u003e ကျောင်းမှာ တက်ခဲ့တဲ့အရင်ကကျောင်းသားတွေကော လက်ရှိတက်နေတဲ့ကျောင်းသားတွေရဲ့ ဘဝတွေအကြောင်းကော စုပြထားတဲ့ကားမျိုးပါ။\u003c/p\u003e\n\u003cp\u003eဇာတ်လမ်းက ဇာတ်လိုက်မင်းသမီးတစ်ဦးကိုပဲ အထိကမထားပဲ မတူညီတဲ့နောက်ခံကနေလာတဲ့ ကျောင်းသား၊ ဆရာမတွေရဲ့ ကျောင်းမရောက်ခင်အတိတ်ဘဝ၊ ကျောင်းသားဘဝ၊ ဇာတ်စင်ပေါ်ကဘဝတွေအပြင် တစ်ချို့ကျကျောင်းနဲ့လုံးဝမဆိုင်တဲ့ ပြဇာတ်ပရိတ်သတ်တွေ့ရဲ့ဘဝတွေပါတွေ့ရတော့ တစ်ချို့အပိုင်းတွေကျ ဝမ်းနည်းစရာကောင်းသလိုလို၊ တစ်ချို့အပိုင်းတွေကျ ချစ်စရာကောင်းသလို ခံစားချက်မျိုးစုံကိုပေးပါတယ်။ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အမျိုးမျိုးသော မတူညီတဲ့ခက်ခဲမှုတွေကို ဘယ်လိုကြုံတွေ့ ဘယ်လိုဖြတ်ကျော်ခဲ့ရတာတွေကို နောက်ခံတေးသီချင်းညိမ့်ညိမ့်လေးနဲ့ ရေဆေးပန်းချီဆန်ဆန်ပုံတွေနဲ့ပါ animated လုပ်ထားတာတွေက ဇာတ်လမ်းထဲကို ပိုပြီးဆွဲဆောင်မှုရှိစေတယ်။ နောက်ပြီး  ကိုယ်တွေအတွက်တော့ ဒီနေ့ထွက်ခဲ့တဲ့ အခန်း ၅ ကတော့ကွက်တိထိမိတယ်၊ မြန်မာကလူအများစုနဲ့လည်း ဒီအခန်းကလိုမျိုး တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြုံဖူးကျမယ်ထင်တယ်။\u003c/p\u003e","title":"Awajima ကျောင်းသူများ"},{"content":"ဒီ Winter 2026 ကတော့ Frieren တို့လိုမျိုး၊ ဒုတိယ season နဲ့ကားကောင်းတွေ ပြန်လာတဲ့ရာသီပါ။ အဲ့တာတွေအပြင် အသစ်ထွက်တဲ့ကားကောင်းတွေအများကြီးလည်း တွေ့မိပါတယ်။ အဲ့ထဲမှာမှ နာမည်ကြည့်ပြီး fantasy anime ထင်ပြီးကြည့်မိတဲ့ \u0026ldquo;Journal with Witch\u0026rdquo; ဆိုတဲ့ Josei drama ကိုတော်တော်လည်းကြိုက်နေမိပါတယ်။\nဇာတ်လမ်းက အသက် ၁၅နှစ်အရွယ်ကောင်မလေးတစ်ယောက် မိဘတွေဆုံးရှုံးလိုက်ရတယ်။ ရုတ်တရက် ဆုံးသွားတာဆိုတော့ ဝမ်းနည်းတာတွေ မဖြစ်သေးဖူး။ သူ့အဒေါ်က အဲ့တာက မထူးဆန်းဖူးပေါ့၊ အချိန်နဲ့အမျှ တစ်ဖြေးဖြေးဖြစ်လာမှာပေါ့ဆိုပြီး ပြောတယ်။ အဲ့လိုကနေပြီးတော့ အသက် ၃၀ကျော် တစ်ယောက်ထဲနေနေတဲ့ စာရေးဆရာမဖြစ်သူ အဒေါ်နဲ့ ကောင်မလေးက လိုက်နေဖြစ်သွားတယ်။ သူ့အဒေါ်နဲ့ အတူတူနေရင်း မိဘတွေဆုံးရှုံးသွားရတဲ့ ခံစားချက်တစ်ဖြေးဖြေးရလာတဲ့ ဒရာမာဆန်ဆန်နဲ့ ဆွေးဆွေးလေးကို အဒေါ်နေရာကနေပြီးတော့ ကြည့်ရမှာ။\nဒီမှာပိုကောင်းတာက Josei ဆိုတော့ စကားပြောတွေက သဘာဝဆန်တယ်။ အပိုင်း ၂ပိုင်းပဲထွက်သေးပေမယ့် ပါလာတဲ့ character တိုင်းက over မဖြစ်ဘူး။ Episode တိုင်းလို directing နဲ့ music ကလည်း တော်တော်လေးကောင်းတယ်။\n","permalink":"https://wadam_t.codeberg.page/mytree-blog/anime/journal-with-witch/","summary":"\u003cp\u003eဒီ Winter 2026 ကတော့ Frieren တို့လိုမျိုး၊ ဒုတိယ season နဲ့ကားကောင်းတွေ ပြန်လာတဲ့ရာသီပါ။ အဲ့တာတွေအပြင် အသစ်ထွက်တဲ့ကားကောင်းတွေအများကြီးလည်း တွေ့မိပါတယ်။ အဲ့ထဲမှာမှ နာမည်ကြည့်ပြီး fantasy anime ထင်ပြီးကြည့်မိတဲ့ \u0026ldquo;Journal with Witch\u0026rdquo; ဆိုတဲ့ Josei drama ကိုတော်တော်လည်းကြိုက်နေမိပါတယ်။\u003c/p\u003e\n\u003cp\u003eဇာတ်လမ်းက အသက် ၁၅နှစ်အရွယ်ကောင်မလေးတစ်ယောက် မိဘတွေဆုံးရှုံးလိုက်ရတယ်။ ရုတ်တရက် ဆုံးသွားတာဆိုတော့ ဝမ်းနည်းတာတွေ မဖြစ်သေးဖူး။ သူ့အဒေါ်က အဲ့တာက မထူးဆန်းဖူးပေါ့၊ အချိန်နဲ့အမျှ တစ်ဖြေးဖြေးဖြစ်လာမှာပေါ့ဆိုပြီး ပြောတယ်။ အဲ့လိုကနေပြီးတော့ အသက် ၃၀ကျော် တစ်ယောက်ထဲနေနေတဲ့ စာရေးဆရာမဖြစ်သူ အဒေါ်နဲ့ ကောင်မလေးက လိုက်နေဖြစ်သွားတယ်။ သူ့အဒေါ်နဲ့ အတူတူနေရင်း မိဘတွေဆုံးရှုံးသွားရတဲ့ ခံစားချက်တစ်ဖြေးဖြေးရလာတဲ့ ဒရာမာဆန်ဆန်နဲ့ ဆွေးဆွေးလေးကို အဒေါ်နေရာကနေပြီးတော့ ကြည့်ရမှာ။\u003c/p\u003e\n\u003cp\u003eဒီမှာပိုကောင်းတာက Josei ဆိုတော့ စကားပြောတွေက သဘာဝဆန်တယ်။ အပိုင်း ၂ပိုင်းပဲထွက်သေးပေမယ့် ပါလာတဲ့ character တိုင်းက over မဖြစ်ဘူး။ Episode တိုင်းလို directing နဲ့ music ကလည်း တော်တော်လေးကောင်းတယ်။\u003c/p\u003e","title":"Journal with Witch"},{"content":"Lemmy က c/anime မှာရှယ်ထားလို့တွေ့မိတဲ့ indie Japanese animation နောက်တစ်ခုပါ။ အပိုင်း ၁၂ ပိုင်းရှိပြီး တစ်ပိုင်းမှ ၃ မိနစ်လောက်ပဲရှည်တာမလို့ စုစုပေါင်းကြာချိန်က ပုံမှန် anime တစ်ပိုင်းလောက်ပဲ ကြာပါတယ်။ Website မှာဖော်ပြထားတာကတော့ ၂၀၂၂ လောက်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကျောင်းသား Yohei Kameyama ရဲ့ တစ်ကိုယ်တော် 3d animation ဖြစ်တဲ့ Milky☆Highway ရဲ့အဆက်ပါ။\nဇာတ်လမ်းကတော့ Super human Chiharu နဲ့ သူငယ်ချင်း Makina တို့နှစ်ယောက် အာကာသဥပဒေချိုးဖောက်လို့ဖမ်းခံရပြီးနောက် အခြားဖမ်းခံရသူ ၄ ယောက်နဲ့အတူ အများအကျိုးဆောင်ရမယ့်ပြစ်ဒဏ်ချခံရတယ်။ အဲ့လိုနဲ့ ရထားသန့်ရှင်းရေးလုပ်နေရာကနေ ရုတ်တရက်ရထားထွက်သွားလို့ သူတို့ ၆ ယောက်ရထားပေါ်မှာ ဘယ်လို အကွဲအပြဲတွေလုပ်မှာလဲ ကြည့်ရမှာ။\nမူရင်း ဂျပန်ဘာသာ အပါအဝင် နောက်ထပ်ဘာသာပေါင်း ၁၀ မျိုးနဲ့ dub လုပ်ထားပါတယ်။ Anime လောကမှာ နာမည်ရထားတဲ့ seiyuu တွေကလည်းပါဝင်ထားပါတယ်။ နာရီဝက် လောက်ပဲကြာပြီး YouTube မှာကြည့်လို့ရတာမလို့ indie animation စိတ်ဝင်စားရင် သွားကြည့်ပါလို့။\nအရင်တစ်ခါက ပြောဖူးတဲ့ animation ဆိုတာကတော့ Punch Punch Forever ပါ။\n[[PUNCH PUNCH FOREVER]] ဒီ website ကနေသွားကြည့်ပါ။ ","permalink":"https://wadam_t.codeberg.page/mytree-blog/anime/milky-galaxy-limited-express/","summary":"\u003cp\u003e\u003ca href=\"https://ani.social\"\u003eLemmy\u003c/a\u003e က c/anime မှာရှယ်ထားလို့တွေ့မိတဲ့ indie Japanese animation နောက်တစ်ခုပါ။ အပိုင်း ၁၂ ပိုင်းရှိပြီး တစ်ပိုင်းမှ ၃ မိနစ်လောက်ပဲရှည်တာမလို့ စုစုပေါင်းကြာချိန်က ပုံမှန် anime တစ်ပိုင်းလောက်ပဲ ကြာပါတယ်။ Website မှာဖော်ပြထားတာကတော့ ၂၀၂၂ လောက်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကျောင်းသား \u003cstrong\u003eYohei Kameyama\u003c/strong\u003e ရဲ့ တစ်ကိုယ်တော် 3d animation ဖြစ်တဲ့ \u003cem\u003eMilky☆Highway\u003c/em\u003e ရဲ့အဆက်ပါ။\u003c/p\u003e\n\u003cp\u003eဇာတ်လမ်းကတော့ Super human Chiharu နဲ့ သူငယ်ချင်း Makina တို့နှစ်ယောက် အာကာသဥပဒေချိုးဖောက်လို့ဖမ်းခံရပြီးနောက် အခြားဖမ်းခံရသူ ၄ ယောက်နဲ့အတူ အများအကျိုးဆောင်ရမယ့်ပြစ်ဒဏ်ချခံရတယ်။ အဲ့လိုနဲ့ ရထားသန့်ရှင်းရေးလုပ်နေရာကနေ ရုတ်တရက်ရထားထွက်သွားလို့ သူတို့ ၆ ယောက်ရထားပေါ်မှာ ဘယ်လို အကွဲအပြဲတွေလုပ်မှာလဲ ကြည့်ရမှာ။\u003c/p\u003e\n\u003cp\u003eမူရင်း ဂျပန်ဘာသာ အပါအဝင် နောက်ထပ်ဘာသာပေါင်း ၁၀ မျိုးနဲ့ dub လုပ်ထားပါတယ်။ Anime လောကမှာ နာမည်ရထားတဲ့ seiyuu တွေကလည်းပါဝင်ထားပါတယ်။ နာရီဝက် လောက်ပဲကြာပြီး YouTube မှာကြည့်လို့ရတာမလို့ indie animation စိတ်ဝင်စားရင် သွားကြည့်ပါလို့။\u003c/p\u003e","title":"Milky Subway The Galaxy Limited Express"},{"content":"Betrothed to My Sister\u0026rsquo;s Ex\nခေါင်းစဥ်နဲ့ anime poster ကြည့်ပြီး တွေးလိုက်မယ်ဆိုရင်တော့ ဒီဟာက တွေ့နေကျ villainess/otome anime တစ်ခု၊ မင်းသမီးကို ကိုယ့်တိုင်းပြည်က မင်းသားကကန်ထုတ်လိုက်၊ ပြီးတော့နောက်တစ်နိုင်ငံရောက် မင်းသားနဲ့တွေ့ကြိုက် anime လိုပဲလို့ ထင်စရာရှိပါတယ်။ အမှန်လည်း ဒီဇာတ်လမ်းကလည်း အဲ့ဒီလိုပါပဲ။\nဇာတ်လိုက်မင်းသမီး Marie က အိမ်မှာ အခိုင်းအစေလို နေရတယ်။ တစ်နေ့မှာ နောက်တစ်နိုင်ငံမြို့စားက ဇာတ်လိုက်မင်းသမီးကို မွေးနေ့ပွဲမှာ တွေ့မိပြီး ကြိုက်သွားလေရော။ လက်ထပ်လိုကြောင်းစာပို့တော့ မင်းသမီးနာမည်မမေးလိုက်ရတဲ့အတွက် သူ့အမဖြစ်သူ နာမည်နဲ့မှားပို့မိလိုက်ရော။ အကြောင်းဖန်ချင််တော့ အစ်မဖြစ်သူက အသွားလမ်းမှာမတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးသွားတယ်။ မင်းသမီးမိဘတွေက တင်တောင်းတဲ့လက်ဆောင်တွေယူထားပြီးပြီဆိုတော့ ဇာတ်လိုက်မင်းသမီးကို အစားထိုး တစ်ညသာသွားဖော်ဖြေပေးဖို့ လွှတ်လိုက်တာကနေ စတာပေါ့။\nနောက်ပိုင်း ဇာတ်လမ်းတွေကတော့ တစ်ခြား otome anime တွေလိုပဲ ဇာတ်လိုက်မင်းသမီးကို မင်းသမီးတစ်ရောက်လို ပြုစုမြှောက်စားကျတာပေါ့။ မတူတာက character execution နဲ့ development ပဲ။ Marie က သူ့အိမ်မှာ အခိုင်းအစေလို နေခဲ့ရတယ်၊ သူ့ကိုသူမလှဘူးလို့ နှိမ်ချခံထားခဲ့ရတယ်။ တစ်နိုင်ငံရောက်ပြီး မင်းသားနဲ့တွေ့ကြိုက်မဟုတ်ဘူး။ သူ့ကိုသူ သူ့အစ်မအစားထိုးလို့ ခံယူထားတာ။ အဲ့လိုတွေကြောင့်လည်း သူ့ကိုလှတယ်လို့ လာပြောရင်လက်မခံနိုင်ဘူး။ နောက်ပိုင်းကျမှ တစ်ဖြေးဖြေး သူအိမ်မှာ အနိုင်ကျင့်ခံနေခဲ့ရမှန်း၊ မင်းသားအမေနဲ့တွေ့ပြီး စကားပြော ငိုတာတွေဖြစ်လာပြီးမှ character တစ်ဖြေးဖြေး develop ဖြစ်လာတာကြည့်လို့ကောင်းတယ်။ အဲ့လို develop ဖြစ်လာတဲ့နဲ့အမျှ မင်းသားနဲ့ ro တာတွေလည်း တစ်ဖြေးဖြေး ပိုများလာပြီး မင်းသားက သူ့ကို ကြိုက်နေတာဖြစ်ကြောင်း၊ သူဟာ သူ့အစ်မ အစားထိုးမဟုတ်ကြောင်းတွေကို လက်ခံလာနိုင်ခဲ့တယ်။\nဇာတ်လမ်းကလည်း အသစ်အဆန်းကြီးတော့ မဟုတ်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ plot တွေဘာတွေလည်းပါတယ်။ Animation ကတော့ ကောင်းတဲ့အထဲမှာပါတယ်၊ action အခန်းတွေဆိုရင်လည်း slideshow တွေမဟုတ်ဘူး။ Soundtrack တွေလည်းကောင်းပြီး သုံးတဲ့အခန်းနေရာလည်းမှန်တဲ့အတွက် ပိုထိမိတယ်။ Josei romance ကြိုက်တဲ့သူများအတွက် recommend ပေးပါတယ်။\n","permalink":"https://wadam_t.codeberg.page/mytree-blog/anime/betrothed-to-my-sister-ex/","summary":"\u003cp\u003e\u003cstrong\u003eBetrothed to My Sister\u0026rsquo;s Ex\u003c/strong\u003e\u003c/p\u003e\n\u003cp\u003eခေါင်းစဥ်နဲ့ anime poster ကြည့်ပြီး တွေးလိုက်မယ်ဆိုရင်တော့ ဒီဟာက တွေ့နေကျ villainess/otome anime တစ်ခု၊ မင်းသမီးကို ကိုယ့်တိုင်းပြည်က မင်းသားကကန်ထုတ်လိုက်၊ ပြီးတော့နောက်တစ်နိုင်ငံရောက် မင်းသားနဲ့တွေ့ကြိုက် anime လိုပဲလို့ ထင်စရာရှိပါတယ်။ အမှန်လည်း ဒီဇာတ်လမ်းကလည်း အဲ့ဒီလိုပါပဲ။\u003c/p\u003e\n\u003cp\u003eဇာတ်လိုက်မင်းသမီး Marie က အိမ်မှာ အခိုင်းအစေလို နေရတယ်။ တစ်နေ့မှာ နောက်တစ်နိုင်ငံမြို့စားက ဇာတ်လိုက်မင်းသမီးကို မွေးနေ့ပွဲမှာ တွေ့မိပြီး ကြိုက်သွားလေရော။ လက်ထပ်လိုကြောင်းစာပို့တော့ မင်းသမီးနာမည်မမေးလိုက်ရတဲ့အတွက် သူ့အမဖြစ်သူ နာမည်နဲ့မှားပို့မိလိုက်ရော။ အကြောင်းဖန်ချင််တော့ အစ်မဖြစ်သူက အသွားလမ်းမှာမတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးသွားတယ်။ မင်းသမီးမိဘတွေက တင်တောင်းတဲ့လက်ဆောင်တွေယူထားပြီးပြီဆိုတော့ ဇာတ်လိုက်မင်းသမီးကို အစားထိုး တစ်ညသာသွားဖော်ဖြေပေးဖို့ လွှတ်လိုက်တာကနေ စတာပေါ့။\u003c/p\u003e\n\u003cp\u003eနောက်ပိုင်း ဇာတ်လမ်းတွေကတော့ တစ်ခြား otome anime တွေလိုပဲ ဇာတ်လိုက်မင်းသမီးကို မင်းသမီးတစ်ရောက်လို ပြုစုမြှောက်စားကျတာပေါ့။ မတူတာက character execution နဲ့ development ပဲ။ Marie က သူ့အိမ်မှာ အခိုင်းအစေလို နေခဲ့ရတယ်၊ သူ့ကိုသူမလှဘူးလို့ နှိမ်ချခံထားခဲ့ရတယ်။ တစ်နိုင်ငံရောက်ပြီး မင်းသားနဲ့တွေ့ကြိုက်မဟုတ်ဘူး။ သူ့ကိုသူ သူ့အစ်မအစားထိုးလို့ ခံယူထားတာ။ အဲ့လိုတွေကြောင့်လည်း သူ့ကိုလှတယ်လို့ လာပြောရင်လက်မခံနိုင်ဘူး။ နောက်ပိုင်းကျမှ တစ်ဖြေးဖြေး သူအိမ်မှာ အနိုင်ကျင့်ခံနေခဲ့ရမှန်း၊ မင်းသားအမေနဲ့တွေ့ပြီး စကားပြော ငိုတာတွေဖြစ်လာပြီးမှ character တစ်ဖြေးဖြေး develop ဖြစ်လာတာကြည့်လို့ကောင်းတယ်။ အဲ့လို develop ဖြစ်လာတဲ့နဲ့အမျှ မင်းသားနဲ့ ro တာတွေလည်း တစ်ဖြေးဖြေး ပိုများလာပြီး မင်းသားက သူ့ကို ကြိုက်နေတာဖြစ်ကြောင်း၊ သူဟာ သူ့အစ်မ အစားထိုးမဟုတ်ကြောင်းတွေကို လက်ခံလာနိုင်ခဲ့တယ်။\u003c/p\u003e","title":"ကိုယ့်အတွက် Summer 2025 season ရဲ့ hidden gem anime တစ်ခု"},{"content":"နိုင်ငံတကာ အထူးသဖြင့် အမေရိကန်မှာတော့ ထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက် LGBT+ အရေး၊ သတင်းအချက်အလက် မှန်ကန်ကြောင်းစစ်တဲ့ အဖွဲ့တွေပိတ်မှု စတာတွေကြောင့် Meta ပိုင်တဲ့ Facebook, Instagram၊ Elon Musk ရဲ့ Twitter မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ရှာသုံးလာကြတယ်။ အများကြီးရှိတဲ့ထဲမှာမှ အမေရိကန်အခြေစိုက် လူနည်းစု သူ​ဌေး​တွေ တွေမပိုင်တာတွေကို အထိကထား ရှာလာကြတယ်။ အခုကျမှ စီးပွားဖြစ် အဖွဲ့အစည်း မဟုတ်တဲ့ w3c ကမကထ ပြုလုပ်ထားတဲ့ ActivityPud သုံး Fediverse software ​တွေကို လူတွေပို သတိထားမိလာကြတယ်။\nကိုယ်တွေ Fediverse ကို စသိတာက Reddit ကြောင့်။ တစ်နှစ်လောက်ပဲရှိသေးတယ်။\nအပေါ်က ပြောခဲ့တာတွေက မြန်မာတွေနဲ့ တိုက်ရိုက်မတိုက်ဆိုင်ပေမယ့် Fediverse ကို ပြောင်းသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလုပ်လုပ်ပုံကြောင့်။ Fediverse ဆိုတဲ့ စာလုံးက federated universe ဆိုတဲ့အတိုင်း သူ့မှာ ဗဟိုစနစ်မရှိဘူး။ မတူညီတဲ့ ဆာဗာတွေက နောက်မှာ တူညီတဲ့ ဘာသာစကားပြောပြီး ချိတ်ဆက်ထားကြတာ။ မြင်သာအောင်ဆိုရရင်\nမြန်မာဆိုတဲ့ ဆိုရှယ်မီဒီယာကြီးမှာ \u0026ldquo;ရန်ကုန်ဆိုတဲ့ဆာဗာ\u0026rdquo; ရှိမယ်၊ \u0026ldquo;ကချင်ဆိုတဲ့ဆာဗာ\u0026rdquo; ရှိမယ်။ သူတို့နှစ်ခုက သူတို့ နားလည်လက်ခံထားတဲ့ ActivityPud ဆိုတဲ့စကားနဲ့ ချိတ်ဆက်ကြတယ်။ ရန်ကုန်ဆာဗာမှာ အကောင့်ဖွင့်ထားသူတွေက ကချင်ဆာဗာပေါ်မှာအကောင့်ဖွင့်ထားသူတွေကို လှမ်းဆက်သွယ်လို့ရမယ်။ ကချင်ဆာဗာမှာသွားပြီး အကောင့်သစ် ဖွင့်နေဖို့မလိုဘူး။ ထိုနည်းတူ ချင်းဆာဗာ ကလည်း ActivityPud သုံးရင် ရန်ကုန်ဆာဗာ၊ ကချင်ဆာဗာ တွေနဲ့ ချိတ်လို့ရမယ်။ ဒါ့အပြင်\nထိုင်းဆိုတဲ့ ဆိုရှယ်မီဒီယာကြီးမှာရှိတဲ့ ဘန်ကောက်ဆိုတဲ့ ဆာဗာ ကြီးကလည်း ActivityPud ဆိုတဲ့ စကားပြောရင် မြန်မာဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ရှိတဲ့ ဆာဗာတွေနဲ့ ချိတ်ဆက်လို့ ရသွားမယ်။ အဲ့လိုဆို မြန်မာမှာလို ဗဟိုစနစ်တစ်ခုထဲရှိတဲ့ Facebook ကို ပိတ်လိုက်သလိုမျိုး ပိတ်လိုက်ဖို့က ခက်သွားပြီ။ အပြီးပိုင် ပိတ်ချင်တယ်ဆိုရင် ထောင်ချီတဲ့ မတူညီတဲ့ ဆာဗာတွေကို လိုက်ပိတ်မှရမယ်။ ဆာဗာအသစ် ကိုယ်တိုင်ထောင်ဖို့ကလည််း မခက်ခဲ့ဘူး။ အကုန်လုံးက free(dom) and open source software တွေဖြစ်ပြီး အခကြေးငွေမလိုဘူး။\nလက်ရှိမှာ​တော့ ကိုယ်​တွေ့ကြုံခဲ့ရသလောက်က​တော့ ဒီလိုအပြောင်းအရွေ့တွေကို တိုက်တွန်းရင်\n\u0026ldquo;ကိုယ့်အသိထဲမှာ သုံးတဲ့သူတွေမရှိလို့ ပြောင်းမသုံးဘူး။ ပြောင်းမသုံးကျတော့ မရှိဘူး\u0026rdquo;\nဆိုတဲ့ ကြက်ဥနဲ့ ကြက် ဘယ်ဟာအရင်စဖြစ် ဆိုတဲ့အခြေအနေပါပဲ။\nပိုပြီး ကျယ်ကျယ်ပြန့်သိချင်ရင် The Verge တို့လို We Distribute တို့လိုက article တွေဖတ်ကြည့်ပါ။ မြန်မာလိုကတော့ Calm Hill ရေးထားတဲ့ Mastodon လိုတိုရှင်း ဆိုတာရှိပါတယ်။\nစမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ မြန်မာတွေ ထောင်ထားတဲ့ burma.social ရှိပါတယ်။ စကစ က ဒီမှာတော့ လက်မြန်ပါတယ်၊ မြန်မာမှာ ပိတ်ခံထားရပါပြီ။ ဆာဗာအများစုကတော့ ပိတ်မခံထားရပါ။ ဒီ linkထဲကိုဝင်ပြီး ကိုယ့်နဲ့ကိုက်မယ့် ဆာဗာကိုရွေးပြီး အကောင့်ဖွင့်ရုံပါပဲ။ ကိုယ်တိုင်က anime fan ဆိုတော့ Lemmy အတွက်တော့ ani.social မှာ အကောင့်ရှိပါတယ်။ မြန်မာမှာ မပိတ်ထားပါ။\n","permalink":"https://wadam_t.codeberg.page/mytree-blog/tech/moving-to-fediverse/","summary":"\u003cp\u003eနိုင်ငံတကာ အထူးသဖြင့် အမေရိကန်မှာတော့ ထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက် LGBT+ အရေး၊ သတင်းအချက်အလက် မှန်ကန်ကြောင်းစစ်တဲ့ အဖွဲ့တွေပိတ်မှု စတာတွေကြောင့် Meta ပိုင်တဲ့ Facebook, Instagram၊ Elon Musk ရဲ့ Twitter မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ရှာသုံးလာကြတယ်။ အများကြီးရှိတဲ့ထဲမှာမှ အမေရိကန်အခြေစိုက် လူနည်းစု သူ​ဌေး​တွေ တွေမပိုင်တာတွေကို အထိကထား ရှာလာကြတယ်။ အခုကျမှ စီးပွားဖြစ် အဖွဲ့အစည်း မဟုတ်တဲ့ w3c ကမကထ ပြုလုပ်ထားတဲ့ ActivityPud သုံး Fediverse software ​တွေကို လူတွေပို သတိထားမိလာကြတယ်။\u003c/p\u003e\n\u003cp\u003eကိုယ်တွေ Fediverse ကို စသိတာက Reddit ကြောင့်။ တစ်နှစ်လောက်ပဲရှိသေးတယ်။\u003c/p\u003e\n\u003cp\u003eအပေါ်က ပြောခဲ့တာတွေက မြန်မာတွေနဲ့ တိုက်ရိုက်မတိုက်ဆိုင်ပေမယ့် Fediverse ကို ပြောင်းသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလုပ်လုပ်ပုံကြောင့်။ Fediverse ဆိုတဲ့ စာလုံးက federated universe ဆိုတဲ့အတိုင်း သူ့မှာ ဗဟိုစနစ်မရှိဘူး။ မတူညီတဲ့ ဆာဗာတွေက နောက်မှာ တူညီတဲ့ ဘာသာစကားပြောပြီး ချိတ်ဆက်ထားကြတာ။ မြင်သာအောင်ဆိုရရင်\u003c/p\u003e","title":"အရွေ့အပြောင်း"},{"content":"Punch Punch Forever ကတော့ ဂျပန်နိုင်ငံထုတ် anime တော့မဟုတ်ပါဘူး။ Fan animation series တစ်ခုပါ။ ဒါဆို anime tag နဲ့တင်ရလဲဆိုတော့ သူ့ရဲ့ anime ကို parody ပုံစံမျိုးလုပ်ထားတဲ့ story ကြောင့်မလို့။\nPilot episode ရဲ့ description ထဲမှာ ဒီလိုရေးထားတယ်။\ni found this vhs called \u0026ldquo;Punch Punch Forever\u0026rdquo; (パンチパンチフォーエバー) in my dads basement in a box labelled \u0026ldquo;DO NOT OPEN\u0026rdquo; but he only wrote that on the box because there was a big scary rat in there and the rat bit me when i went to grab the tape and now i\u0026rsquo;m blind in my left eye. finally got around to digitizing and uploading it though!\nOP က အဖေဖြစ်သူရဲ့ VHS တိပ်ခွေဟောင်းတွေထဲမှာ ဒီ anime ကို တွေ့မိတာပေါ့။ နောက်မှ digitize လုပ်ပြီး ပြန်တင်ထားတယ်ဆိုပြီး ရေးထားတယ်။ ဆိုချင်တာက lost media ပုံစံမျိုးသွားမှာပေါ့။\nAnimation နဲ့ art-style ပုံစံက ၉၀ ဝန်းကျင် စတိုင်၊ ၄:၃ အချိုးနဲ့။ နောက်ပြီးတော့ ဂျပန် စကားပြော။ Story line က မရိုးရအောင် တွေ့နေရတဲ့ anime ဇာတ်လမ်းသွား၊ Demon vs Human tournament။ အဲ့ထဲကိုမှ cartoon ဆန်ဆန် ရယ်စရာအခန်းတွေနဲ့ ဟာသတွေ ထပ်ထည့်ထားပေးတယ်။ Panty and Stocking ကြိုက်တဲ့ သူတွေဆိုရင် ကြိုက်လိမ့်မယ်။ အထိက ကတော့ ဟာသကားပေါ့။\nတိပ်ခွေတွေကြည့်နေရတဲ့ feel ရအောင် တစ်ခါတစ်လေ interlacing lines တွေ တမင်ပေါ်ပေါ်လာတတ်တယ်။ ပြီးတော့ စလောင်း ကနေ rip ထားတဲ့ ပုံစံမျိုးကိုမှ စလောင်းက show ကလာတဲ့ကြော်ငြာတွေကိုလည်း ၉၀ အချိန်လို့ ခံစားရအောင် တကယ့် ၉၀ တုန်းက ကြော်ငြာတွေ ထည့်ထားပေးတယ်။ အဲ့အချိန်တွေတုန်းက Fan sub သမားတွေဆီက ခိုးယူပြီး ပြန်တင်နေတဲ့သူတွေကို subtitle ထဲမှာ ဆဲနေတာတွေပါ ပါတယ်။\nCreator ကတော့ speedoru ပါ။ Series ကို You Tube မှာသွားကြည့်လို့ရတယ်။ အခုမှ အပိုင်း ၂ ပိုင်းပဲရှိသေးတယ်။\nဒီ post မြင်ပြီး ကြည့်မိခဲ့တာ။ ရယ်ရလို့ ပြန် share တာပါ။\n","permalink":"https://wadam_t.codeberg.page/mytree-blog/anime/punch-punch-forever/","summary":"\u003cp\u003e\u003cstrong\u003ePunch Punch Forever\u003c/strong\u003e ကတော့ ဂျပန်နိုင်ငံထုတ် anime တော့မဟုတ်ပါဘူး။ Fan animation series တစ်ခုပါ။ ဒါဆို anime tag နဲ့တင်ရလဲဆိုတော့ သူ့ရဲ့ anime ကို parody ပုံစံမျိုးလုပ်ထားတဲ့ story ကြောင့်မလို့။\u003c/p\u003e\n\u003cp\u003ePilot episode ရဲ့  \u003cem\u003edescription\u003c/em\u003e ထဲမှာ ဒီလိုရေးထားတယ်။\u003c/p\u003e\n\u003cblockquote\u003e\n\u003cp\u003ei found this vhs called \u0026ldquo;Punch Punch Forever\u0026rdquo; (パンチパンチフォーエバー) in my dads basement in a box labelled \u0026ldquo;DO NOT OPEN\u0026rdquo; but he only wrote that on the box because there was a big scary rat in there and the rat bit me when i went to grab the tape and now i\u0026rsquo;m blind in my left eye. finally got around to digitizing and uploading it though!\u003c/p\u003e","title":"Punch Punch Forever"},{"content":"Katanagatari (Sword Tale) ကတော့ NISIO ISIN ရဲ့လူပြော မများတဲ့ series တစ်ခုလို့ပြောလို့ရပါတယ်။ အကြောင်းတွေက​တော့ အခုချိန်ထိ တရားဝင် streaming လုပ်လို့မရတာ၊ Blue Ray ပဲဝယ်ကြည့်ရတာတွေ့ကြောင့်လို့ပြောလို့ရပါတယ်။ The Garden of Sinners ထွက်ထွက်ချင်းလိုမျိုး​ပေါ့၊ ဒါ​ပေမယ့် သူက ၂၀၁၆​လောက်မှာ streaming ကြည့်လို့ရတာဆို​တော့ အခုလူအများကြားဖူးနေပါပြီ။\nKatanagatari story အပိုင်းကတော့ Monogatari series နဲ့ ရင်းနှီးသူတွေသိတဲ့အတိုင်း စကားပြောအများကြီးနဲ့ပါ။ ဇာတ်အိမ်ကတော့ ထွေထွေထူးထူး မဟုတ်လှပါဘူး။ Shogun ကနေပြီးတော့ သူ့အကြံ​ပေး​ ကောင်မ​လေးကို ခိုးယူခံလိုက်ရတဲ့ အစွမ်းထက် ဓါး ၁၂​ချောင်းကိုပြန်ယူခိုင်းတာ​။ အဲ့ခရီးနှင်ဖို့ မင်းသမီးက ကိုယ်ရံ​တော်အဖြစ် ဓါးသိုင်းကျွမ်းတဲ့ မင်းသားကိုရှာပြီး သူနဲ့အတူ ဓါး​တွေကိုလိုက်ရှာတာ​ပေါ့။\nအပိုင်း ၁၂ပိုင်းပဲရှိပါတယ်။ Animation, Art style က ​တွေ့​နေကျပုံစံမျိုးမဟုတ်တဲ့အတွက် ကြိုက်တဲ့လူလည်းရှိသလို မကြိုက်တဲ့လူ​တွေလည်းရှိပါတယ်။\nMyAnimeList မှာ user 200,000နဲ့ 8+ score ရထားတာဆို​တော့ underrated လို့​ပြောလို့ရ​သေးလား။ မြန်မာမှာ​တော့ ဒီကားအ​ကြောင်း ​ပြောကျတာမ​တွေ့မိဘူး။\n","permalink":"https://wadam_t.codeberg.page/mytree-blog/anime/katanagatari/","summary":"\u003cp\u003e\u003cstrong\u003eKatanagatari (Sword Tale)\u003c/strong\u003e ကတော့ \u003cem\u003eNISIO ISIN\u003c/em\u003e ရဲ့လူပြော မများတဲ့ series တစ်ခုလို့ပြောလို့ရပါတယ်။ အကြောင်းတွေက​တော့ အခုချိန်ထိ တရားဝင် streaming လုပ်လို့မရတာ၊ Blue Ray ပဲဝယ်ကြည့်ရတာတွေ့ကြောင့်လို့ပြောလို့ရပါတယ်။ \u003cstrong\u003eThe Garden of Sinners\u003c/strong\u003e ထွက်ထွက်ချင်းလိုမျိုး​ပေါ့၊ ဒါ​ပေမယ့် သူက \u003ca href=\"https://www.animenewsnetwork.com/review/the-garden-of-sinners/movies-ovas-1-10/.123065\"\u003e၂၀၁၆​လောက်မှာ streaming\u003c/a\u003e ကြည့်လို့ရတာဆို​တော့ အခုလူအများကြားဖူးနေပါပြီ။\u003c/p\u003e\n\u003cp\u003e\u003cstrong\u003eKatanagatari\u003c/strong\u003e story အပိုင်းကတော့ \u003cstrong\u003eMonogatari series\u003c/strong\u003e နဲ့ ရင်းနှီးသူတွေသိတဲ့အတိုင်း စကားပြောအများကြီးနဲ့ပါ။ ဇာတ်အိမ်ကတော့ ထွေထွေထူးထူး မဟုတ်လှပါဘူး။ Shogun ကနေပြီးတော့ သူ့အကြံ​ပေး​ ကောင်မ​လေးကို ခိုးယူခံလိုက်ရတဲ့ အစွမ်းထက် ဓါး ၁၂​ချောင်းကိုပြန်ယူခိုင်းတာ​။ အဲ့ခရီးနှင်ဖို့ မင်းသမီးက ကိုယ်ရံ​တော်အဖြစ် ဓါးသိုင်းကျွမ်းတဲ့ မင်းသားကိုရှာပြီး သူနဲ့အတူ ဓါး​တွေကိုလိုက်ရှာတာ​ပေါ့။\u003c/p\u003e\n\u003cp\u003eအပိုင်း ၁၂ပိုင်းပဲရှိပါတယ်။ Animation, Art style က ​တွေ့​နေကျပုံစံမျိုးမဟုတ်တဲ့အတွက် ကြိုက်တဲ့လူလည်းရှိသလို မကြိုက်တဲ့လူ​တွေလည်းရှိပါတယ်။\u003c/p\u003e\n\u003cp\u003eMyAnimeList မှာ user 200,000နဲ့ 8+ score ရထားတာဆို​တော့ underrated လို့​ပြောလို့ရ​သေးလား။ မြန်မာမှာ​တော့ ဒီကားအ​ကြောင်း ​ပြောကျတာမ​တွေ့မိဘူး။\u003c/p\u003e","title":"Katanagatari: NISIO ISIN ရဲ့လူပြောမများတဲ့ anime"}]